
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်များကင်းရှင်းပြီး ဈေးကွက်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လအတွင်း ခရိုင်ဦးစီးမှူးမှဦးဆောင်၍ စားသုံးသူရေး ရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ်(၃/၁၁) ရပ်ကွက် ရှိ မြေပဲဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၅)ကြိမ်၊ ဆိပ်ဖြူမြို့၊ မြို့နယ်တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့၊ တောင်ငယ်လုံးကျေးရွာရှိ မြေပဲဆုံဆီနှင့် အနောက်ပိုင်း ရပ်ကွက်ရှိ ဓာတ်မြေဩဇာရောင်းချသည့်လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၂)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ ပဲခွေကြော်လုပ်ငန်းရှင်တွေ့ဆုံမှု(၁)ကြိမ်၊ စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံမှု(၈)ကြိမ် သွားရောက်တွေ့ဆုံပြီး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)