Main menu

ဆိပ်ဖြူမြို့ပေါ်ရှိ “ ကြည်သာ ”သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့ နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေ ရေးအတွက် (၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ "ကြည်သာ"သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိ ရသည်။ ဆိပ်ဖြူမြို့နယ်တာဝန်ခံက သောက်ရေသန့်များ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သောက်ရေသန့် ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ အဆင့်ဆင့်ကျိုချက်ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်ဆောင်ရွက်ရေး၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရေသန့်ဘူးများကို သန့်ရှင်းသပ်ရပ်စွာပြုလုပ်ပြီး ကုန်စည်ပေါ်တွင် စားသုံးသူများ မြင်သာ အောင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာရေးသား ဖော်ပြပြီး ရောင်းချသွားရန်နှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှု မရှိစေရေး အသိပညာပေး ဆွေးနွေးဆောင်ရွက်ပြီး စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာ နိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော သောက်ရေသန့်များ ဈေးကွက်အတွင်းရောင်းချ သည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပညာပေး ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)