
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဝယ်ယူ၍ MV ရတနာခိုင်ထွန်း(၈)ရေယာဉ် ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ပြီး (၈.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါရေယာဉ်(လှေ)တွင် ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀) ပါရှိပြီး စားသုံးသူရေးရာဦးစီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့ဝင်များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)