
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများ၊ မြန်အောင်ခရိုင်ဆီကိုယ်စားလှယ်အသင်း ဥက္ကဌ နှင့်ပူးပေါင်း၍ (၇.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၄၅)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုနှင့် ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ်မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ၊ ခွဲတမ်းရ ကုန်စုံဆိုင်များအနေဖြင့် အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး ၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်အလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် အိမ်ထောင်စုများအား ဖြန့်ဝေရောင်းချပေးနေမှုကိုလည်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ)