
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၇.၇.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ သာယာကွက်သစ်(၂)လမ်းရှိ ဆန်စက်လုပ်ငန်းရှင် ဒေါ်ခင်မိုးမြင့်နှင့်တွေ့ဆုံ ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည် အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)