Main menu

အင်္ဂပူမြို့မစည်ပင်ဈေးရှေ့တွင် အပတ်စဉ် တနင်္လာနေ့တိုင်း အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်ကာ ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းမှစတင်၍ အပတ်စဉ် တနင်္လာနေ့တိုင်း အင်္ဂပူမြို့မ စည်ပင်ဈေးရှေ့တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ ဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေး ရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၀၀/- ကျပ်ဖြင့် အလုံး ၁၀၀၀ ကို လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သား (ဘူးခွံအပါ)လျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ရက်(၉၀)ထိုင်းဆန် တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၇)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ရောင်းချခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အပတ်စဉ် တနင်္လာနေ့တိုင်း ဆက် လက်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (DOCA ဧရာဝတီ)