
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးနှင့်ဝန်ထမ်းများသည် ခရိုင်စိုက် တိုးမြင့် အဖွဲ့နှင့်ပူးပေါင်း၍ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြကန်သာရပ်ကွက် တုန်းလှဲချောင်း ကျေးရွာရှိ ဦးဆန်းလင်းဦး၏ အသားထိုးကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှု့လေ့လာခဲ့ပါသည်။
ထို့သို့ကွင်းဆင်းရာတွင် စိုက်တိုးမြင့်အဖွဲ့ဥက္ကဌမှ ကြက်ခြံပိုင်ရှင်အား မွေးမြူရေးနှင့်ပတ်သက်ပြီး သိရှိလိုသည်များ ကို မေးမြန်းခဲ့ရာ ပိုင်ရှင်မှရှင်းလင်းပြောကြားရာတွင် အဆင့်မြင့်တရုတ်နည်းပညာအဆောက်အဦးဖြင့် နိုင်ငံခြားမျိုး(bella ) အသားထိုးကြက်များ မွေးမြူထားပြီးအဆောက်အဦးအနေဖြင့် အနံ ၅၃ပေ, အလျား၂၅၅ပေ,အတွင်းကြက်ကောင်ရေ (၁၅၀၀၀)ခန့်မွေးမြူနိုင်ပြီး တစ်ကြိမ်မွေးလျှင်( ၄၅)ရက်ခန့် မွေးမြူရပြီး တစ်ကောင်လျှင် ၂ပိသာခန့်အထိကြီးထွားနိုင်ပြီး လုပ်သား(၅)ဦးဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါသည်။ အသားထိုးကြက်များအား ခရိုင်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရှင်းလင်ပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါသည်။
DOCA( ဧရာဝတီ)