Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကြာဖူးငုံကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် မြောင်းမြ မြို့နယ်ရှိ ကြာဖူးငုံကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုဆွေးနွေး ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းရာတွင် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဌမှ တောင်သူလယ်သမားများနှင့်တွေ့ဆုံပြီး၊ မိုးစပါးများ အချိန်မီအပြည့်အဝ စိုက်ပျိုးပြီးစီးနိုင်ရေး၊ ဓါတ်မြေဩဇာများအား လိုအပ်သလောက် စနစ်တကျအသုံးပြုနိုင်ရေး သဘာဝမြေဩဇာများကိုလည်း စိူက်ပျိုးကုန်ကျစရိတ်သက်သာနိုင်ရေးအတွက် ထည့်သွင်း အသုံးပြုကြရန်၊ စပါးပင်များ ပိုးကျနိုင်မှုမရှိစေရေးအတွက် ပိုးသတ်ဆေးများကိုလည်း စနစ်တကျအသုံးပြု တတ်ရန် လိုအပ်ကြောင်း၊ နည်းပညာများ လိုအပ်ပါက စိူက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)