
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၇.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလယ်ကုန်းရှိ ဦးစိန်မြင့် မုန့်ဟင်းခါးဖိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဟင်းခါးနှင့် မုန့်ဖတ်များတွင် ဖော်မလင်ပါဝင် မှုရှိ/မရှိ၊ မုန့်ဟင်းခါးဖို ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)