Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဦးအောင်ဝင်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၇.၂၅) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် အတူ ကန်သာယာ(၂)လမ်းရှိ ဦးအောင်ဝင်း မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် အသုံးပြုသည့်ရေများ သန့်ရှင်းမှုရှိ/မရှိ၊ စွန့်ပစ်ရေဆိုးများ စနစ်တကျစွန့်ပစ်ရေး၊ သဘာဝပတ်ဝန်းကျင် အနံအသက် ကောင်းမွန်ရေး၊ မုန့်များကို နေ့ချင်းပြီးရောင်းချရေး၊ တာရှည်ခံဆေးများ အသုံးမပြုရေး၊ မုန့်ဖိုများသန့်ရှင်းသပ်ရပ်စေရေး၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေးနှင့် မိုးတွင်းကာလဖြစ်သည့် အတွက် မုန့်ဖိုများ စနစ်တကျဆောင်ရွက်ရေး စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ DOCA(ဧရာဝတီ)