Main menu

ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းခွဲကျောင်း မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            ၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တာဝန်ခံသည် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်ကျေးရွာရှိ အခြေခံပညာအထက်တန်းခွဲ ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များမှာ သန့်ရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းကျော်လွန်ခြင်း ရှိ/မရှိ၊ စားသုံးရန် သင့်/မသင့်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)