၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တာဝန်ခံသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ “ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုအပေါ် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း” Talk Show ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အဆိုပါ အခွင့်အရေးများ ဆုံးရှုံး၍ နစ်နာမှုများရှိခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အခြေအနေများ၊ နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)