Main menu

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း အမြန်ဖွဲ့စည်းနိုင်ရေး ဆေးဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွား‌ရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးမှ ထားဝယ်ခရိုင် ဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းအား အမြန်ဖွဲ့စည်းနိုင်ရေး ထားဝယ်မြို့ပေါ်ရှိ လက်လီ/လက်ကား ဆေးဆိုင်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

       အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးရာဝန်ကြီးမှ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် ရရှိ လာနိုင်သည့် အကျိုးကျေးဇူးများ၊ ဒေသတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ၊ ဆေးစျေးနှုန်းများ အဆမတန် မြင့်တက်လာမှု မရှိစေရေး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်း ဒေသကြီးဦးစီးမှူးမှလည်း အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းများ၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ စီးပွားရေးရာဝန်ကြီးမှ ထားဝယ် ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း အမြန်ဖွဲ့စည်းဆောင် ရွက်သွားနိုင် ရေး တိုက်တွန်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းအား ၁၁း၃၀ နာရီအချိန်တွင် ပြီးမြောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)