စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ သွားတိုက်ဆေးအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားထားပြီးဖြစ်ရာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးက ယခုနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရန် ညွှန်ကြား ထားသည့် ကုန်စည် ၁၀ မျိုးပေါ် အခြေခံ၍ တောင်ငူခရိုင်မှ ယခုလအတွင်း သွားတိုက်ဆေးအမျိုးမျိုး ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ပါသည်။
ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော သွားတိုက်ဆေးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန် အညွှန်းအမှတ်အသားများ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)