Main menu

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)သည်  မြို့နယ်စည်ပင် သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)၊ ကုလားပဲ၊ အာလူး၊ ကြက်(မွေးမြူရေး) ကြက်(ဒေသ)၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ပဲနီလေးတို့ ဈေးနှုန်းအနည်းငယ်ကျဆင်း ခဲ့ပါသည်။ ယင်းသို့  ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်လည်းကောင်း၊ ကုလားပဲ၊ ပဲနီလေး၊ အာလူး၊ ဂေါ်ဖီထုပ် နှင့်ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မှအဝင်များပြီးဝယ်လိုအားနည်းသောကြောင့်လည်း ကောင်း၊ ကြက်(မွေးမြူရေး)၊ ကြက်(ဒေသ)နှင့်ဘဲဥ ဈေးနှုန်းကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းသော ကြောင့်ဖြစ်ပါသည်။  ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

  ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက် ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)