
၁၄.၇.၂၀၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဆန်၊စပါး သိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ကော့စံနိုင် ရပ်ကွက်ရှိ ဦးဆန်းဝင်းပိုင် (၃၀)တန်ကျ ဆန်စက်နှင့်သိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဥ်ပုံမှန် ဖြည့် သွင်းရန်၊ ဆန်စပါး သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စျေးနှုန်းတည်ငြိမ်ရှိ/မရှိ၊ စျေးကွက် စျေးနှုန်းနှင့် ဆန်စပါး ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)