Main menu

သထုံမြို့နယ်တွင် ဆန်၊ စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၁၄.၇.၂၀၂၅ ရက်နေ့၊နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဦးအောင်ကျော်မင်း ဦးစီးအရာရှိနှင့် ဦးစည်သူ ဒုတိယ‌ဦးစီးမှူးတို့သည် ဆန်၊ စပါး သိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ ဦးဝင်းဌေးအောင် ပိုင်ဆိုင်သည့် ဆန်စက်နှင့် ဆန်၊ စပါးသိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဥ်ပုံမှန် ဖြည့်သွင်းရန်၊  ဆန်စပါး သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စပါး ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း  သိရပါသည်။

DOCA (မွန်)