
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ MyRO တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးမှ MyRO တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို MyRO တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)