
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက် ၂၀၂၅-ခုနှစ် မေလ(၂၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူ များ၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှု၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်တို့ လတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဆိုင်ရှင်များအား အစားအသောက်ရောင်းချရာတွင် အဓိက သန့်ရှင်းသပ်ရပ်မှုရှိစေရေးမှာ အဓိကကျသည့်အတွက် သန့်ရှင်းကောင်းမွန်သော စားသောက်ဆိုင်ဖြစ်အောင် ဂရုစိုက်ကြရန်နှင့် အစား အသောက်များ၏ အရွယ်အစားအလိုက် ဈေးနှုန်းများကိုလည်း သိသာထင်ရှားစွာဖော်ပြထားရှိရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)