
တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၇.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ဖောင်းပြင်စတိုးမုံရွာ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းထောင့်ရှိ ဦးရန်ကျော်အောင်သည် ဖောင်းပြင်စတိုးမုံရွာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထားသည့် အချက်များ (၁၈) ချက်နှင့် မြေပြင်တွင်သွားရောက် စစ်ဆေးသည့်အချက်အလက် များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)