Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း   (ကြီး/ ရေး) နှင့် ဝန်ထမ်းများသည် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် အတွင်းရှိ ဆန် အရောင်းဆိုင် (၃)ဆိုင် တို့အား  သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)