
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၈.၇.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဆန်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေး အရောင်းဆိုင် (၅) ဆိုင်အား သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ ၊ ဆန်ဈေး နှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆန်ဈေးနှုန်းကြီးမြင့်စွာ ရောင်းချ ခြင်း မပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)