Main menu

သရက်မြို့ပေါ်ရှိ BLUE OCEAN သောက်ရေသန့်စက်ရုံအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သရက်မြို့၊ မင်းတုန်းလမ်းရှိ  BLUE OCEAN အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်နေသော  သောက်ရေသန့်စက်ရုံသို့ သွားရောက်  ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

   သောက်ရေသန့်ဘူးများကို (၂၀)လီတာ၊ (၁)လီတာ၊ (၀.၆) လီတာတို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၎င်းသောက်ရေသန့်ဘူးများတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာ ကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ ထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒုတိယခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ အကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)