
မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာ ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၁၁) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့၊ တောက်ပရစ်ဘုရားကွင်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော မဲသား တစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဝတ်သား တစ်ပိဿာလျှင်(၂၆၀၀၀/-)ကျပ်နှုန်းဖြင့်(၂၀)ပိဿာ၊ငါးမြင်းတစ်ပိဿာလျှင်(၈၀၀၀/-)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဆန် (၁) ပြည် လျှင် (၃၅၀၀/-)ကျပ်နှုန်းဖြင့် ၂၄ပြည်အိတ်(၂)အိတ်၊ခရမ်းချဉ်သီး(၁)ပိဿာလျှင်(၂၈၀၀/-)ကျပ် နှုန်းဖြင့် ပိဿာ(၂၀ )၊ ဆီ(၁)ပိဿာ လျှင်(၇၂၀၀/-)ကျပ်ဖြင့် (၁၁၀)ပိဿာ၊ ကြက်ဥ(၁၀)လုံးလျှင်(၄၀၀/-) ကျပ်ဖြင့် အလုံး(၂၀၀)ရောင်းချ ပေးခဲ့ပြီး ပြည်သူ့သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အပတ်စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)