Main menu

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး စတားပဲကြော် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စတားပဲကြော် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စတားပဲကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)