၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် (၁၃း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ၊ မြို့နယ်တာဝန်ခံရုံးတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ သာစည်မြို့နယ် အတွင်းရှိလုပ်ငန်းရှင်များအားစာသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့် ပတ်သက်သောသတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာ သိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူ ကာကွယ်ပေးရေး ဥပဒေပြဌာန်းချက်များကို လိုက်နာပြီးလုံခြုံ စိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရေးနှင့်စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး အတွက် ရည်ရွယ်၍ ဟောပြောဆွေးနွေး ခဲ့ပါသည်။
ကုန်စည်များ ထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ရန်လုပ်ငန်းရှင်များအားကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍ စတင် အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆိုစားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၇၃)အရ(၂)နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါကစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင် များ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင်စာသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာ မှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။ လုပ်ငန်းရှင် (၂၁)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို (၁၄း၁၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)