Main menu

အမှတ်(၁၉)အ.လ.က(ခွဲ)တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့် အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များအား စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင်အများပြည်သူတစ်ရပ်လုံး သိရှိလိုက်နာစေရေး နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် မြင်းခြံမြို့ရှိ အမှတ်(၁၉) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ ပါသည်။
    အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဒု-ခရိုင်ဦးစီးမှူး)က အဖွင့်အမှာစကားနှင့်အတူ စားသုံးသူကာကွယ်ဥပဒေ ပြဌာန်း ပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲ များဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံး မှုများဖြစ်ပေါ် လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံး စွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ငယ်ရွယ်သူများဖြစ်သည့်အတွက် ကျန်းမာရေးကို အထူး ဂရုပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှသာ မိမိတို့သည် ကျောင်းပညာများနှင့်အခြားပညာရပ်များကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ကိုသာ စားသုံးကြရန်၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများနှင့် ဌာန၏ Call Center No.1535 သို့လည်း လက်တွေ့ခေါ်ဆိုစေ၍ အသိပညာဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)နှင့် ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)