Main menu

ချမ်းအေးသာစံမြို့နယ်၊ အ.လ.က (၁၀) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေးဟောပြော ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ  (၁၅-၅-၂၀၂၅) ရက်နေ့၊  နံနက်(၁၀:၀၀) နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အ.လ.က (၁၀) တွင် ကျောင်းသား/သူ (၁၀၀) ဦးခန့်အား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
    ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)