Main menu

၇/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖေါ်ထုတ်ပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၁၅-၇-၂၀၂၅ (အင်္ဂါနေ့)နေ့လည် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (၇/၂၀၂၅)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူ ဦးဇေယျဆွေ ၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဇော်လွင် ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများနှင့် အတူ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊မြင်းခြံခရိုင်ဦးစီးမှူးရုံးများမှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ ၊ ပြင်ဦးလွင် ခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့် အမှာစကားပြောကြားပြီး တိုင်းရုံးမှ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ရုံးများမှ  ခရိုင်ဦးစီးမှူးများနှင့် ခရိုင်တာဝန်ခံများက မိမိတို့တာဝန် ယူဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များ၊ အခက်ခဲများအား တင်ပြ၍ တိုင်ပင်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ထိုနောက် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးတို့က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးဦးစီးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)