
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေတာရှည် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး ပြောကြားပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် အွန်လိုင်းတွင် ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များကို အသိ ပညာပေး ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက် ကြောင်း သိရပါသည်။
DOCA(ပဲခူး)