
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၁၀.၇.၂၀၂၅)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)အချိန်တွင် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် (C) ရုံ၊ အခန်း(၄၅) ဝါယာလက်ဈေး၊ မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား နေ့စဉ်ရပ်ကွက် နေပြည်သူများသို့ နံနက်(၇:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ ရောင်းချပေးပါကြောင်း၊ စာအုပ်စနစ်ဖြင့် မျှတစွာ ခွဲဝေ ပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပြီး၊ ဈေးနှုန်းလည်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်းနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)