
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ရုံးမှ ဦးရှင်းခန့်ကိုကိုသည် (၁၁.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)မှစ၍ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိအား တိုက်ကြီးမြို့နယ်၊ အိုးတန်း ရပ်ကွက်ခန်းမလမ်းနှင့်ပြည်လမ်းပေါ်ရှိ ကိုနောင်နောင်၊ ဒေါ်မေဖြိုးသွင်နှင့် ဒေါ်သန်းသန်းဦးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် မြန်မာလို ကုန်အညွှန်းအမှတ်အသားများကို သိသာထင်ရှားစွာဖော်ပြထားကြောင်း တွေ့ရှိရပြီး မိမိတို့ ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်ပစ္စည်းများ မရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)