Main menu

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၀.၈.၂၀၂၂) ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိ  စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ၊ အလေးချိန်အချင်အတွယ် ပြည်မှီခြင်းရှိ/မရှိခြင်းတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့၍၊ စစ်ဆေးခဲ့သော စက်သုံးဆီဆိုင်(၄)ဆိုင်မှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)