Main menu

ကြို့ပင်ကောက်မြို့စားသောက်ဆိုင်များကိုဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့လက်ပံပင်စုအုပ်စု၊လက်ပံပင်စုရွာ ရန်ကုန်ပြည်လမ်းဘေးရှိ Ever First စားသောက်ဆိုင်နှင့် အခြားစားသောက်ဆိုင်များသို့ ၂၂.၇.၂၀၂၅ ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးတို့သည် လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
    စားသောက်ဆိုင်များရှိ လုပ်ငန်းရှင်တွေ့ဆုံရာတွင် အစားသောက်ရောင်းချသည့်အခါ ဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ ရောင်းချသော အစားအသောက်များ သန့်ရှင်းမှုရှိစေရေးနှင့်ဘေးအန္တရာယ် ကင်းစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်များကို သိရှိရန်ရှင်းပြပြီး စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မှ(၁)၊ ပုဒ်မှ (၂) ၊ ပုဒ်မခွဲ(ဇ)နှင့်အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ အခွင့် ရေး(၈)ချက်ကိုရှင်းပြပြီး စားသုံးသူများ၊စိတ်ကျေနပ်မှုရရှိရန် အသိပညာပေး ဆွေးနွေး ပြီး၊ချက်ပြုတ် သောနေရာ ဆိုင်သန့်ရှင်းမှု ရှိ/မရှိကို စစ်ဆေးပြီး ဌာနမှဖြန့်ဝေထားသော လက်ကမ်း စာစောင်အား လုပ်ငန်းရှင်များကို ဖြန့်ဝေပေးခဲ့ခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)