
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဗိုလ်ဘုန်းမြင့်လမ်းရှိ လုပ်ငန်းရှင် ဒေါ်ခင်ပပစိုးနှင့် ၂၂.၇.၂၀၂၅ ရက်နေ့၊ နေ့လယ်( ၁၃:၃၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံးသူရေးရာဌာနခွဲ့တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များ နှင့်အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ထုတ်လုပ်ရက်စွဲ သက်တမ်း ကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်း ဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြင့် စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထား ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)