Main menu

ဘားအံမြို့ရှိ အ.မ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးအောင်ထွန်းမြ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၄-၇-၂၀၂၄ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က (၅)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ဒေါ်စုနွေးသီရိမောင် ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်း စရာများအကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါ်ယမင်းဦး အငယ်တန်းစာရေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ် အသားအကြောင်း ရှင်းလင်း ဟောပြောခဲ့ရာ ဆရာ၊ ဆရာမ (၅) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၃၀)ဦး၊ ပြည်သူ (၁၅) ဦး၊ စုစုပေါင်း ဦးရေ(၅၀) ဦး တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)