
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၅-၇-၂၀၂၅) ရက် ၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ဘားအံမြို့ရှိ ရပ်ကွက်လက်လီဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးဖြစ်သည့် ရွှေမုယောဝှိုက်မော့ PREMIER မှတ်တံဆိပ်တွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်က အမှတ်(၇) ရပ်ကွက် လက်လီဆိုင်များ တွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက် ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကရင်ပြည်နယ်အတွင်း ဦးစားပေးကုန်စည် (၁၀)မျိုးကို သတ်မှတ်ထားပြီး ကုန်စည်အမျိုးအစားအလိုက် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ လစဉ်လျာထားချက်များ ချမှတ်၍ သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(ကရင်)