Main menu

ဘီးလင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး မှ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူ တို့သည် ၁၆.၇.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်ရှိ အ.လ.က (ခွဲ) ဗိုလ်တေဇ ကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

  အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ‌ဒေါ်ဇင်ဖြူဝင်းမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြားကာ ကုန်စည်များဝယ်ယူသုံးစွဲကြရာတွင် အထူးဂရုပြုရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း ဟောပြောဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဦးစည်သူမှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များကို ကျောင်းသား/ကျောင်းသူများ နားလည်သဘော ပေါက်စေရန် ဥပမာပြန်အသေးစိတ်‌ဟောပြောပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများထဲမှ Consumer Call Center Hotline-1535 သို့ လက်တွေ့ ဖုန်း‌ခေါ်ဆို၍ ရှင်းလင်းဟောပြောခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)