Main menu

သထုံမြို့နယ်တာဝန်ခံသည် မြို့မဈေး၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ၁၇.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ မြို့မဈေး၌ စားအုန်း ဆီ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချမှုအား သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအား စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေး၊ အရည်အသွေးပြည့်ဝမှန် ကန်စေရေးနှင့် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၃၂) ကျပ်ဖြင့် (၄၄၀) ပိဿာရောင်းချခဲ့ကြောင်း သိရသည်။

DOCA (မွန်)