
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေးအတွက် ထုတ်ကုန်များအား စျေးကွက်မရောက်မီ (Pre Market)စစ်ဆေးခြင်း နှင့် စျေးကွက်အတွင်းစစ်ဆေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိပါသည်။ ဇူလိုင်လ(၁၇)ရက်၊ နေ့လည်(၁၂:၃၀)အချိန်တွင် ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးသို့ စဉ့်ကိုင်မြို့နယ် ၊ ဆီဆုံကျေးရွာရှိ GOLDEN GODZILLA အမှတ်တံဆိပ်ဖျော်ရည်ရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်ထူးက ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြထားရန်လိုကြောင်း ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း နှင့် အခန်း ၁၈ ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)