ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၁၆.၈.၂၀၂၂ နေ့(၁၂း၁၅) အချိန်တွင်လ မအူပင်မြို့ အ.ထ.က-၃ ကျောင်း မုန့်ဈေးတန်းအား ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်းဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသောမုန့်များကို စစ်ဆေးပြီး မုန့်ဆိုင်ရောင်းချသူများအား ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော မုန့်များကို ရောင်းချရန်နှင့် စားသုံးရန်မသင့်သော မုန့်များနှင့် ကလေးများ ဝမ်းပျက်ဝမ်းလျောစေမည့် လက်လုပ်ချဉ်မုန့်များကို မရောင်းချရန်၊ မြန်မာမုန့်များကို ယင်မနားစေဘဲ သန့်ရှင်းသပ်ရပ်စွာထားသိုရောင်းချရန် ပညာပေးပြောကြားခဲ့ပြီး၊ ကျောင်းမုန်းဈေးတန်းရှိ မုန့်ဆိုင် (၅)အား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)