Main menu

သထုံမြို့နယ်၊ အထက (ဒေးဗရိန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

            မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် သထုံမြို့နယ်၊ အထက (ဒေးဗရိန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုနှင်းဝေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။    

         ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၂၁) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)