Main menu

မွန်ပြည်နယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံးသီးနှံအသင်း ပြန်လည်ဖွဲ့စည်း

Powered by Drupal

            မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံးသီးနှံအသင်း ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ဩဂုတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဌနှင့် စားဖိုဆောင်သုံးသီးနှံ လုပ်ငန်းရှင်များ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးဦးဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ အသင်း၏ အလုပ်အမှုဆောင်များအား ရွေးချယ်တင်မြှောက်ကြရာ နာယက နှစ်ဦး၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးအပါအဝင် အသင်းအလုပ်အမှုဆောင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)