Main menu

မော်မော်ဆီဆိုင်သို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  (၂၂-၇-၂၀၂၅)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော မြင်းခြံခရိုင်စက်သုံးဆီနှင့် စားသုံးဆီများရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် မြင်းခြံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးတင့်လွင်၏ မော်မော် စားအုန်းဆီအရောင်းဆိုင်သို့ စားအုန်းဆီရောင်းချနေမှု မြေပြင်အခြေအနေ များအား ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော လုပ်ငန်းရှင် များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ရောင်းချသည့်ဈေးနှုန်းများကို (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းများကို Vinylများ ချိတ်ဆွဲရောင်းချစေရေး၊ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ အရေအတွက်မှန်ကန်စေရေး၊ ဈေးနှုန်းများအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ နိုင်ငံတော်မှသတ်မှတ်ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် မြေပြင် အခြေအနေကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)