Main menu

ချောက်မြို့၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး (Talk Show)ကျင်းပ

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး(Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေး (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရ မည့် အချက်များ၊ အသိပညာပေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှု များအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း (Online Sales) လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့် အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်(အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရမည့်အချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များအားလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုဆောင်ရွက်ရာတွင် website၊ Mobile Applicationတို့မှ တစ်ဆင့်ဆောင်ရွက်နိုင်ကြောင်း၊ အွန်လိုင်းမှဝယ်ယူမှုများ အတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း(၅)မျိုးဖြင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာ တွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်း ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း စသည့် နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးကြောင်း ပြောကြားခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535) ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)