Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(တယ်လီဖုန်း)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာ့ဆက်သွယ်ရေး(တယ်လီဖုန်း)မှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း(၉)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)