စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ (၁၂)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ အလှကုန်ဆိုင် (၂) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Mistrine တံဆိပ်ဖြင့် Top Country Perfumed Talcနှင့် White Spa(Whitening Lotion)များတွင် Hologram(ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labellingများ ပြည့်စုံစွာပါရှိပြီး Bulgarian Yogurt (Whitening Lotion ) (၃) ဗူးတွင် Hologram (ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားခြင်း မရှိကြောင်းစစ်ဆေး တွေ့ရှိရသဖြင့် ယခုအခါဈေးကွက်အတွင်းတွင် အလှကုန်များကိုတုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချလျက် ရှိသည့်ပစ္စည်းများ တွေ့ရှိရပါကြောင်း၊ Mistrine တံဆိပ်အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ Mistrine Thiri Cosmetic Co.,Ltdသည် ထိုင်းနိုင်ငံရှိ Better Way (Thailand)Co.,Ltd မှ ထုတ်လုပ်သည့်အလှကုန် ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် FDA ၏ ထောက်ခံချက်ဖြင့် ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကုမ္ပဏီအနေဖြင့် Mistrine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်းပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ဖြန့်ဖြူး ရောင်းချပါသဖြင့် အဆိုပါအချက်များနှင့် ပြည့်စုံမှုမရှိသည့် Mistrine အလှကုန်ပစ္စည်းများကို မှာယူ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလှကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းနှင့် ပတ်သက်၍ မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်မှုများနှင့် ဥပဒေပါအကြောင်းအရာများကို အသိပညာရရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် အလှကုန်ပစ္စည်းများကိုသာရောင်းချကြရန်၊ ကုန်စည်ကိုထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ဌာန၏ အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထား မှုအပါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံမှုဖြစ်ပါက ဌာနသို့တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှလည်း လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(စစ်ကိုင်း)