
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၇.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ “SHARK” အသင့်သောက်အချိုရည်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအားသက်တမ်းလွန်နေသော စားသောက်ကုန်များ၊ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထား မှုမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရသည်။
DOCA(မကွေး)