
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိ ပညာ ပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို မြှင့်မားစေရန် ရည်ရွယ်၍ (၇/၂၀၂၅)ကြိမ် မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ရာ ဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မူဝါဒ(ပြည်တွင်း)ဌာနခွဲ တာဝန်ခံမှ ပြည်တွင်း/ ပြည်ပသို့ တင်ပို့သော “အသီးမှာသရက်” နှင့် ပတ်သက်၍ သရက်သီးဖြစ်ထွန်းသည့် မြေအမျိုးအစား၊ စိုက်ပျိုးနည်း၊ သရက်သီးခူးဆွတ်နည်း၊ သရက်သီး၏ ဂုဏ်သတ္တိနှင့် အကျိုးကျေးဇူးများ၊ သရက် သီးထုတ်လုပ်မှု အများဆုံးနိုင်ငံနှင့် တင်သွင်းမှု အများဆုံးနိုင်ငံများ၊ သရက်သီး စိုက်ပျိုးထွက်ရှိသော တိုင်း/ ပြည်နယ်များ၊ သရက်သီးတွင်ရှိရမည့် အရည်အသွေးနှင့် ထွက်ရှိသောထုတ်ကုန်များ၊ ပြည်တွင်း/ ပြည်ပ တင်ပို့မှုအခြေအနေများ၊ သရက်သီးထုတ်လုပ်မှု အခက်အခဲများနှင့် သုံးသပ်ချက် များအကြောင်းအားလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်ပြဌာန်းထားသောအဓိပ္ပာယ်ဖော်ပြချက်များ၊ ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်း အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)