
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပွင့်ဖြူမြို့နယ် တာဝန်ခံရုံး၌ (၂၂.၇.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဒေသတွင်း စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော “ဝင်းမေတ္တာ” ငါးမုန့်ကြော်လုပ်ငန်းရှင်အားခေါ်ယူ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည် အမျိုးအစားပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းရမည့်အချက်များအားလည်းကောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ် ပြန်ထားသည် ကုန်စည်အမျိုးအစား(၈)မျိုးအား ထည့်သွင်းဖော်ပြရမည့် အချက်များ အားလည်းကောင်း အသိပညာပေးခဲ့ပြီး လုပ်ငန်းရှင်မှလည်း သိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)